ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁.၃.၂၀၁၉ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရိုးမကြိုးပြင်ကာကွယ်တော အတွင်းမှ တရားမဝင်ကျွန်းသစ်/ခွဲသား/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၆၂)လုံး/ချောင်း (၆.၃၇၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 25, 2019 - 13:30