ကနီမြို့နယ်၊ စဖိုကြီးကျေးရွာအနီး၊ ချင်းတွင်းမြစ်ကမ်းဘေးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁.၃.၂၀၁၉ ရက်နေ့တွင် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးမှူးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဖိုကြီးကျေးရွာအနီး၊ ချင်းတွင်းမြစ်ကမ်းဘေး စက်လှေ(၁)စီးနှင့် ဖောင်(၄)ဖောင်ပေါ်မှ တရားမဝင် ကျွန်း/အင် သစ်/ခွဲသား စုစုပေါင်း (၁၅၆၆) လုံး/ ချောင်း (၃၂.၄၃၂၅)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, March 26, 2019 - 10:30