ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၆)မိုင်(၄)ဖာလုံ၊ စစ်တောင်းတံတား၊ မုပ္ပလင်ရွှေသံလွင်တိုးဂိတ်အနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁.၃.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်နှင့်ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်-မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ် (၆)မိုင်(၄)ဖာလုံ၊ စစ်တောင်းတံတား၊ မုပ္ပလင်ရွှေသံလွင်တိုးဂိတ်အနီးမှ ယာဉ်အမှတ်၊ YGN-6L/2668(DYNA (၆)ဘီး အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၃၅)ချောင်း (၁.၂၅၆၆)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်ပြီးဖြစ်ပါသည်။

date: 
Tuesday, March 26, 2019 - 10:30