ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဆွာတံတားအနီး မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်မျာပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဆွာတံတားအနီးနေရာမှ ယာဉ်အမှတ်(9H-3441) NISSAN ယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား(၇၆၁)ချောင်း (၁၁.၀၂၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 29, 2019 - 11:30