တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၅-၃-၂၀၁၉ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာနေ ဦးလှစိုး၏ သစ်စက်ဝန်းအတွင်းနှင့် နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် အခြားသစ်/ခွဲသားစုစုပေါင်း ( ၃၇.၉၂၅၉ )တန်၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်ဦးလှစိုးနှင့်အတူဖမ်းဆီးရမိပြီး၊ တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 29, 2019 - 11:30