ပဲခူးမြို့နယ်၊ ဇောင်းတူ-တိုက်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၀/၇)အနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉.၃.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးမှူးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇောင်းတူ-တိုက်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၀/၇)အနီး၌ ယာဉ်အမှတ်၊ BGO-2P/1580 (CANTER(၆)ဘီး အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး ခွဲသား (၁၀၇)ချောင်း (၄.၉၆၈၀)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရေး ဘုရားကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Monday, April 1, 2019 - 14:15