သာပေါင်းမြို့နယ်၊ ဘိုးတော်ချောင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈.၃.၂၀၁၉ ရက်နေ့တွင် သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘိုးတော်ချောင်း အတွင်းမှ တရားမဝင် တောင်သရက် သစ်/ခွဲသား စုစုပေါင်း(၂၂၅)လုံး/ချောင်း (၄၃.၃၅၇၆)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 1, 2019 - 14:15