မတ္တရာမြို့နယ်၊ ရွှေဂူဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ်များဖမ်းဆီးရမိ

၃၀.၃.၂၀၁၉ ရက်နေ့တွင် မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ရွှေဂူဘုရားလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်တွင် ဟီးနိုးယာဉ်(၁)စီး နှင့် ကန့်လန့်ဂျီ(၆)ဘီးယာဉ် (၁)စီးတို့ပေါ်မှ တရားမဝင်အင်ခွဲသား/လုံးပတ်၃ပေအောက်အင်သစ်လုံး စုစုပေါင်း (၁၀၉)ချောင်း/လုံး (၆.၇၆၉၂)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး မတ္တရာမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 2, 2019 - 14:30