သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

သစ်တောဦးစီးဌာန“တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို ၃၁.၃.၂၀၁၉ ရက်နေ့တွင်၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။အမှာစကားပြောကြားရာတွင်-
သစ်တောဦးစီးဌာနသည် သစ်တောများ ရေရှည်တည်တံ့ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ရေး ကိုဦးတည်ပြီး နိုင်ငံတော်ရဲ့စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန် ချက်ညီ ဆောင်ရွက် နေသည့့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်းသည် အရေးပါသည့် စီမံကိန်း တစ်ရပ်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အရေးပါတဲ့ ဦးစီးပဲ့ကိုင်များ ဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်းရဲ့ အရေးကြီးသည့် လုပ်ငန်းများဖြစ်သည့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ခင်းများတည် ထောင်ခြင်း၊ ဒေသခံပြည် သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင် ခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းအစရှိ သည့် ကနဦးလုပ်ငန်းများကို ဆောင်ရွက် နေချိန်ဖြစ်ပါကြောင်း၊
လွန်ခဲ့သည့် စီမံကိန်းကာလ ၂နှစ် အတွင်း တွေ့ကြုံခဲ့ရသည်များကို ပြန်လည် သုံးသပ်ပြီး လာမည့် မိုးရာသီတွင် ရာနှုန်းပြည့်ရှင်သန် အောင်မြင်သည့် သစ်ပင်တွေ စိုက်ပျိုးနိုင်ရေးအတွက် ညွှန်ကြား ရေးမှူးများအနေနှင့် မြေပြင်အထိကွင်းဆင်းကြီးကြပ်ကြဖို့ မှာကြားပါကြောင်း၊
စီမံကိန်းလုပ်ငန်းများအတွက် လုံလောက်သည့် ရန်ပုံငွေချမှတ် ပေးထားသကဲ့သို့ ထိုက်သင့် သည့် ပံ့ပိုးမှုတွေများကိုလည်း ဖြည့်ဆည်းပေးထားမှာ ဖြစ်သည့်အတွက် ရန်ပုံငွေနှင့်လုပ်ငန်းသုံး ပစ္စည်းများ ကို အလေအလွင့်မရှိစေဘဲ အကျိုးရှိဆုံးသုံးစွဲမှုဖြစ်အောင် အလေးထား ကြပ်မတ်ပေးကြဖို့ လိုအပ် ပါကြောင်း၊
မြန်မာ့သစ်တောမူဝါဒကြေငြာချက်နှင့်အညီ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများကို နိုင်ငံ ဧရိယာစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၁၀ရာခိုင်နှုန်းအထိ ဖွဲ့စည်းဆောင် ရွက်လျက်ရှိရာမှာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံဧရိယာအပေါ် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တော ၂၅.၃၁ ရာခိုင်နှုန်း၊ သဘာဝနယ်မြေ ၇.၈၁ ရာခိုင်နှုန်း ဖွဲ့စည်း နိုင်ခဲ့ပြီး ထပ်မံဖွဲ့စည်းရန်ကျန်ရှိတဲ့ နိုင်ငံဧရိယာအပေါ် ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော(၄.၆၉%)နှင့် သဘာဝနယ်မြေ (၅.၈၃%) ပြည့်မီရေး အတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊
လက်ရှိသစ်တောနယ်မြေများ ထပ်မံလျော့ပါးမှု မရှိစေရေးအတွက် ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်ကြရန်လိုအပ်သလို၊ ထပ်မံကျူးကျော်မှုများ မဖြစ်ပေါ်စေရန် မျက်ခြေမပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တပြေးညီတားဆီးခြင်း၊ ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ကြရန် မှာကြားခဲ့ ပါကြောင်း၊
သစ်တောဦးစီးဌာနအနေနှင့် တရားမဝင်သစ်ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများ လျော့နည်းပပျောက်စေရန် ကြိုးပမ်းလျက်ရှိရာ ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ် ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System) ကို အသုံးပြုလာပြီး သတင်းပေးဆုတွေများကိုလည်း ထိုက်တန်စွာ ချီးမြှင့်လာနိုင်သည့်အတွက် တရားမဝင်သစ် တားဆီးရေး လုပ်ငန်းစဉ်များမှာ ပြည်သူတို့၏ပူးပေါင်းပါဝင်မှုအား တိုးတက်ရရှိလာသည်ကို တွေ့ရပါကြောင်း၊ ယခုအခါ တပ်မတော်၏ အကူအညီကိုပါ ရယူဆောင်ရွက်လာနိုင်သည့်အတွက် ယခင်က လွှမ်းမိုးနိုင်ခြင်း မရှိတဲ့ ဧရိယာတွေမှာ တရားမဝင် သစ်တန်ပေါင်းများစွာ ဖမ်းဆီး လာနိုင်ခဲ့ပါကြောင်း၊ ဖမ်းဆီးနိုင်မှု မရှိဘဲ လွတ်မြောက်သွားသည့် တရားမဝင်သစ် တန်ပမာဏ အများအပြား ရှိမှာဖြစ်သည့်အတွက် ဝန်ထမ်းတွေအနေနဲ့ တရားမဝင်သစ် တားဆီးကာကွယ်ရေးကိစ္စသည် အင်မတန်ကြီးမားသည့် တာဝန် တစ်ရပ်ဖြစ်နေပါကြောင်း၊
သစ်တောသယံဇာတ ရေရှည်တည်တံ့ရေးအတွက် သစ်တောဦးစီးဌာနရဲ့ ပြုပြင်ပြောင်းလဲမှု တွေထဲမှာ သစ်တောဥပဒေ(၁၉၉၂)နှင့် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ(၁၉၉၄) တို့ကို ၂၀၁၈ ခုနှစ်အတွင်း အသစ်ပြင်ဆင် ထုတ်ပြန်နိုင်မှုဟာ အရေးပါတဲ့ဆောင်ရွက်ချက် ဖြစ်ပါကြောင်း၊
ပြီးခဲ့သည့်၂၀၁၈ခုနှစ်တွင် မိမိတို့ဝန်ကြီးဌာနအတွင်းတွင် မူးယစ်ဆေးဝါးနှင့်ဝန်ထမ်း ဆက်နွယ်သည့်အမှုအခင်းများ ဖြစ်ပွားလာသည်ကိုတွေ့ရကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ အထူးအလေး ထား ကြပ်မတ်ကြရန် လမ်းညွှန်မှာကြားခဲ့သည့်အပေါ်တွင် သစ်တောဦးစီးဌာနမှ မူးယစ်ဆေးဝါးသုံးစွဲ ကြောင်း မသင်္ကာသည့်ဝန်ထမ်းများကို မူးယစ်ဆေးသုံးစွဲမှု ရှိ/မရှိ ဆေးစစ် သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး ကြပ်မတ်တားဆီး ကာကွယ်ကြရန် လိုအပ်ပါကြောင်း၊
အလေးထားမှာကြားလိုသည်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စတွင် တရားမဝင်ကုန် သွယ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့့် ဆက်စပ်မှု ရှိနေတတ်သည့်အတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနများအနေနှင့့်လည်း ကိုယ့်အစီအစဉ်နှင့့်ကိုယ် “အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့” (Corruption Prevention Unit- CPU) ကို ဖွဲ့စည်းပြီး ဝိုင်းဝန်းဆောင် ရွက်ကြမှာ ဖြစ်ပါကြောင်း၊ CPUအဖွဲ့မှ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အဆင့်ကို ကျော်လွန် သည့် အမှုအခင်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ လွှဲအပ်အရေးယူသွားမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခြင်း ဖြစ်သည့် အတွက် ထိရောက်တဲ့ အရေးယူမှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း၊ မိမိတို့ လက်အောက် ဝန်ထမ်းများ အဂတိ လိုက်စားမှု ကင်းရှင်းစေရေးအတွက် ကြပ်မတ်ပေးကြရန်မှာကြားလိုပါကြောင်း၊
နိဂုံးချုပ်အနေနှင့် ပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများသည် မြန်မာနိုင်ငံ၏ သစ်တောများ ရေရှည်တည်တံ့ရေးနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို မြေပြင်မှာ လက်တွေ့ဖော် ဆောင်နေသည့် ဦးစီးဦးဆောင်များဖြစ်သလို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အဓိက စွမ်းဆောင်နိုင်သူ များလည်း ဖြစ်သည့့်အတွက် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များရဲ့ သစ်တောကဏ္ဍကို အထောက်အကူ ပြုနိုင်မည့်အရေးပါသော ဆုံးဖြတ်ချက်များကို ဤအစည်းအဝေးမှ ရယူသွားနိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးညှိနှိုင်းကြရန် အထက်မှာမိမိမှာကြားခဲ့သည့့် မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးကိစ္စ၊ ကမ္ဘာ့ရာသီဥတုပြောင်းမှု လျော့ချရေး ကြိုးပမ်းချက်အပေါ် မြန်မာနိုင်ငံ၏ ကတိကဝတ်ဖြစ်တဲ့ သစ်တောနယ်မြေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရည်မှန်းချက် ပြည့်မီအောင်တိုးချဲ့ဖွဲ့စည်းနိုင်ရေးကိစ္စ၊ တရားမဝင်သစ်တားဆီးရေးကို တိုးမြှင့်ဆောင်ရွက်ရန်ကိစ္စများကို ထဲထဲ ဝင်ဝင် ဆွေးနွေးကြရန်နှင့် မိမိတိုင်း ဒေသကြီး/ ပြည်နယ်က လက်အောက်အမှုထမ်းများ၏ စာရိတ္တမဏ္ဏိုင် ခိုင်မာ စေရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်မှာကြားခဲ့ပါကြောင်း၊
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး၊ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

date: 
Wednesday, April 3, 2019 - 14:15