သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းမှ သြဝါဒစကားပြောကြား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၃-၄-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် သစ်တောဉီးစီးဌာနမှ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းရာထူးတိုးမြှင့်ရရှိပြီး ဌာနတွင်းပြောင်းရွေ့တာဝန်ထမ်းဆောင်သည့် အရာထမ်းများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ သစ်တောဉီးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် အရာထမ်းများနှင့် သစ်တောဉီးစီးဌာနတွင်း လက်ရှိ ရာထူးဖြင့် နေရာပြောင်းရွေ့တာဝန်ထမ်းဆောင်သည့် အရာထမ်းများအား ပြည်ထောင်စု ဝန်ကြီးမှ တွေ့ဆုံသည့် အခမ်းအနား ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း တက်ရောက် သြဝါဒစကားပြောကြားပါသည်။အခမ်းအနားသို့သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

date: 
Wednesday, April 3, 2019 - 15:15