ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-စစ်တောင်းလမ်းတွင် တရားမဝင်ပျဉ်းကတိုးခွဲသားများ တင်ဆောင်ထား သောယာဉ်(၁)စီး ဖမ်းဆီးရမိ

၁.၄.၂၀၁၉ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-စစ်တောင်းလမ်းတွင် ယာဉ်အမှတ်၊ YGN-2I/3104 (Nissan (၆)ဘီး အဖြူ/အစိမ်းကြား)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၃၆)ချောင်း (၇.၂၃၅၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 3, 2019 - 16:15