သစ်တောဉီးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (Project Monitoring Committee-PMC)၏ ၁/၂၀၁၉ ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၄-၄-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် သစ်တောဉီးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (Project Monitoring Committee-PMC)၏ ၁/၂၀၁၉ ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်၊ ညွှန်ကြားရေးမှူးများ၊ INGOs/NGOs နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူ များတက်ရောက်ကြပါသည်။

date: 
Thursday, April 4, 2019 - 10:45