ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီး၊ သနပ်ပင်ဇင်းကျေးရွာတွင် တရားမဝင်သစ်များ တင်ဆောင်ထားသော (၁၀)ဘီးယာဉ်(၁)စီးဖမ်းဆီးရမိ

၃.၄.၂၀၁၉ ရက်နေ့တွင် ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ပုသိမ်-မုံရွာကားလမ်းအနီး၊ မိုင်တိုင်အမှတ် (၃၈၅/၀)နှင့် (၃၈၅/၁)ကြား၊ သနပ်ပင်ဇင်းကျေးရွာအဝင်၌ ရပ်တန့်ထားသော (Nissan Diesel PF-6 (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 4, 2019 - 10:45