ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရပ်တန့်ထားသောယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃.၄.၂၀၁၉ ရက်နေ့တွင် ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သ ောပူးပေါင်းအဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်(၁၁၉/၁)နှင့် (၁၁၉/၂)ကြားနှင့် မိုင်တိုင်အမှတ်(၁၁၉/၃)နှင့် (၁၁၉/၄)ကြားနေရာတို့တွင် ရပ်တန့်ထားသော Nissan Cara Van တစ်စီးနှင့် ဖောကားအနီရောင်ယာဉ်တစ်စီး တို့ပေါ်မှ တရားမဝင်ကျွန်း/ ပိတောက်ခွဲသား (၃၇၃)ချောင်း (၃.၆၆၄၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 5, 2019 - 13:00