ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၃.၄.၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်း အတွင်းမှ တရားမဝင်သစ်စက်(၄)လုံးနှင့် ကျွန်း/သစ်မာ သစ်လုံး/ခွဲသား စုစုပေါင်း (၃၀၄၃)လုံး/ ချောင်း (၆၉.၈၇၃၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 5, 2019 - 13:00