ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာဝန်းကျင်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၄.၄.၂၀၁၉ ရက်နေ့တွင် မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ဒဟတ်တောကျေးရွာအုပ်စု၊ မြကန်သာကျေးရွာ အရှေ့မြောက်ဘက်ရှိ မြေကွက်လပ်တွင်စုပုံထားသော တရားမဝင်ကျွန်း/ပျဉ်းကတိုး/ပိတောက်/ ယမနေ/အခြား သစ်လုံး/ခွဲသား စုစုပေါင်း (၁၆၃)လုံး/ချောင်း (၁၁.၇၃၆၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 5, 2019 - 13:15