မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာ ခြံများနှင့် ရွှေစက်ရပ်ကွက်တို့အတွင်း တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CMRS) ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ ပါဝင်သည့်အဖွဲ့သည် ၆-၄-၂၀၁၉ ရက်မှ ၇-၄-၂၀၁၉ ရက်အထိ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာ ခြံများနှင့် ရွှေစက်ရပ်ကွက်တို့အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ဆောင်ရွက်ခဲ့ရာ တရားမဝင် ကညင်၊ ကြေးလံ၊ ကံ့ကော်ဖို၊ ခလောင်၊ မအူ အစရှိသည့် သစ်လုံး/သစ်ခွဲသားစုစုပေါင်း ၂၉၆.၇၄၄၄ တန်ခန့်ကို သစ်တင်ယာဉ် (၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်သစ်နှင့် ဆက်စပ်ပါဝင်သူများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 8, 2019 - 12:30