စဉ့်ကိုင်မြို့နယ်၊ ရွာသာရွာအနီး၊ ရဲရွာ-ဘဲလင်းလမ်းတွင် တရားမဝင်ကျွန်း/အင်ကြင်းသစ်များနှင့် မော်တော်ယာဉ်(၄)စီးဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ ချက်အရ ၆-၄-၂၀၁၉ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တာဝန်သိပြည်သူ(၅)တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ ရွာသာရွာအနီး၊ ရဲရွာ-ဘဲလင်းလမ်း မိုင်တိုင်အမှတ်(၂၀/၁)နေရာ၌ တရားမဝင်ကျွန်း/အင်ကြင်းသစ်(၉၂)လုံး (၂၂.၇၀၀၄)တန်တင်ဆောင်ထားသော မော်တော်ယာဉ်(၄)စီး၊ ဆိုင်ကယ်(၁)စီးနှင့် တရားခံ(၁၀)ဦးအားဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 8, 2019 - 12:45