အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာအနီးနေရာမှ တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ချက်ဖြင့် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက်အရ ၆-၄-၂၀၁၉ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ၏ မြောက်ဘက်(၄)မိုင်ခန့်အကွာနေရာမှ တရားမဝင်ပိတောက်ခွဲသား (၁၁၁) ချောင်း (၄.၁၃၇၂) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 8, 2019 - 12:45