ပေါက်ခေါင်းမြို့နယ်၊ ဆူးပုတ်ကုန်းကျေးရွာ၏ အရှေ့တောင်ဘက်(၃)ဖာလုံခန့်အကွာ၊ တောင်ကုန်း အနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄.၄.၂၀၁၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ၊ ဆူးပုတ်ကုန်းကျေးရွာ၏ အရှေ့တောင်ဘက်(၃)ဖာလုံခန့် အကွာ၊ တောင်ကုန်းအနီးမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ဖြူ သစ်/ခွဲသား စုစုပေါင်း (၁၅၀)လုံး/ချောင်း (၉.၇၅၈၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 8, 2019 - 14:15