စဉ့်ကူးမြို့နယ်၊ နွယ်ရုံဈေးအနီး၊ မိုးကုတ်-မန္တလေးကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်အင်ခွဲသားများဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၈-၄-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကူးမြို့နယ်၊ နွယ်ရုံဈေးအနီး၊ မိုးကုတ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၅၈/၃)နှင့် (၅၈/၄)နေရာ၌ ယာဉ်အမှတ်မပါ SKAT (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၁၆၈)ချောင်း (၉.၅၃၇၂)တန်အား ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 9, 2019 - 11:30