နေပြည်တော်မြို့ တော်ဝင်နေပြည်တော်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် လင်းတငှက်မျိုးစိတ် ထိန်းသိမ်းရေးလုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

သစ်တောဦးစီးဌာန၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (Biodiversity and Nature Conservation Association-BANCA) နှင့် Birdlife International တို့ပူးပေါင်းပြီး ကျင်းပဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရှိ လင်းတငှက်မျိုးစိတ် (၅)မျိုး အဓိက ကျက်စားသည့်နေရာများကို Vulture Safe Zone အဖြစ် သတ်မှတ်နိုင်ရေး၊ Vulture Safe Zone Map ပြုစုနိုင်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအား သိမြင်နိုးကြားမှု မြင့်မားစေရေး ရည်ရွယ်၍ နေပြည်တော်မြို့ရှိ တော်ဝင်နေပြည်တော်ဟိုတယ်၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ NGO/INGO မှ ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် (၁၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်များဖြစ်သော အောက်ပါအချက်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်-
(က) မြန်မာနိုင်ငံတွင် ကျက်စားသည့် လင်းတငှက်မျိုးစိတ်များ အခြေအနေ၊ အများဆုံး ကျက်စားလျက်ရှိသော ဒေသများ၊ လင်းတငှက်မျိုးစိတ်များမျိုးသုဉ်းမှု လျော့ကျ ရေးအစီအစဉ်များ၊ မျိုးသုဉ်းရသည့်အခြေအနေများ အကြောင်းကို ကိုယ်စားလှယ် များက သုတေသနရလာဒ်များ၊ ကွင်းဆင်းတွေ့ရှိချက်များအပေါ်အခြေခံပြီး တင်ပြ
ဆွေးနွေးခြင်း၊ အကြံပြုချက်ရယူခြင်း၊
(ခ) ၂၀၀၇ ခုနှစ် က ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေး သည့် လင်းတငှက်မျိုးစိတ် ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (၂၀၀၇-၂၀၂၀) အား ခေတ်နှင့်လျော်ညီစွာပြန်လည်ပြုပြင်ခြင်း နှင့် မြန်မာ့လင်းတငှက် ထိန်းသိမ်းရေး အဖွဲ့Myanmar Vulture Working Group-MVWG ၏ အားကောင်းသော ကွန်ရက် တစ်ခု ဖြစ်ပေါ်လာစေရန် ဌာနအဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်အသစ်များ ထပ်မံ အဆိုပြု ထည့်သွင်းခြင်း၊
(ဂ) သုတေသနရလာဒ်များ၊ ကွင်းဆင်းတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် တွေ့ရှိရ သော လင်းတမျိုးစိတ်(၅)မျိုးအနက် (၃)မျိုးတွေ့ရှိရသော ကချင်ပြည်နယ်ဒေသနှင့်
မျိုးစိတ်(၂)မျိုး တွေ့ရှိရသော ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများကို လင်းတငှက် မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေရေးအတွက် Vulture Safe Zone အဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် အဆိုပြုခြင်း၊

date: 
Tuesday, April 9, 2019 - 11:45