ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအနီးနေရာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်ဖြင့် ၈-၄-၂၀၁၉ ရက်နေ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအနောက်ဘက်(၁)မိုင်ခန့်အကွာနေရာမှ တရားမဝင်ကြေးလံ သစ်လုံး/ခြမ်း စုစုပေါင်း(၁၀၅)လုံး/ခြမ်း(၉၀)တန်ခန့်နှင့်သစ်စက်(၁)လုံးတို့အာဖမ်းဆီးရမိပြီး၊ တရားခံများ အား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 11, 2019 - 11:00