ပင်းတယမြို့နယ်၊ ဆင်ကျုံး-တောင်ပုသွားတံတားပေါ်မှ တရားမဝင်သစ်နှင့်ယာဉ် ဖမ်းဆီးရမိ

၁၀.၄.၂၀၁၉ ရက်နေ့တွင် ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ တောင်ပုကျေးရွာ၊ ဆင်ကျုံး-တောင်ပုသွားတံတား ပေါ်မှ ယာဉ်အမှတ်၊ YGN-6N/6908 (Canter ၆ဘီး အဖြူရောင်)ယာဉ်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၉၂)ချောင်း (၅.၃၂၇၂)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ပင်းတယမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 18, 2019 - 10:15