ကျွန်းလှမြို့နယ်၊ နန်းကြီးသာကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁.၄.၂၀၁၉ ရက်နေ့တွင် ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နန်းသပ်ကျေးရွာ အနောက်တောင်ဘက် (၃)မိုင်ခန့်အကွာ၊ နန်ကြီးသာကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/အင်ကြင်းသစ်လုံး စုစုပေါင်း (၂၁)လုံး (၁၀.၆၃၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, April 18, 2019 - 10:15