ပဲခူးမြို့နယ်၊ ရှမ်းကိုင်း၊ညောင်ခါးရှည် ကျေးရွာလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရှမ်းကိုင်း၊ ညောင်ခါးရှည်ကျေးရွာလမ်းထိပ် မှ ယာဉ်အမှတ် (BGO 3N-4868) FORLAND (၆)ဘီး၊ (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၁၄၅)ချောင်း စုစုပေါင်း(၁.၃၆၈၆)တန် နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား သက်ဆိုင်ရာရဲစခန်းတွင် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, April 22, 2019 - 13:45