နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၄-၂၀၁၉ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ နောင်ချို-ကံကြီး-ရပ်စောက် ကားလမ်း၊ မကျီးရေးကျေးရွာ တောင်ဘက်တောစပ်နေရာမှ တရားမဝင်ကျွန်းသစ်လုံး (၉၀)လုံးခန့်၊ ၂၂ ဘီးယာဉ် ၏ နောက်တွဲ(၂)စီးတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်လက်၍ တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီး ခြင်းဆောင်ရွက်ရာ ပြင်ဦးလွင်မြို့နယ်၊ လယ်မချောင်းလက်တက်နေရာမှ တရားမဝင် ကျွန်းသစ်/ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ဓါးရွေ/တိုင် စုစုပေါင်း (၄၄)လုံး/ချောင်း (၁၀.၂၂၈၆)တန်တို့အား ဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, April 22, 2019 - 14:30