နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

၈-၄-၂၀၁၉ ရက်နေ့မှ ၁၄-၄-၂၀၁၉ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၁၄၅.၁၄၅၄)တန်၊ သစ်မာ(၆၁.၂၁၃၄)တန်၊ အခြား (၁၈၃.၀၀၈၈)တန်၊ စုစုပေါင်း(၃၈၉.၃၆၇၆) တန်၊ တရားခံ(၁၇)ဦး၊ ယာဉ်/ယန္တရား(၁၆)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ပလန(၅)ကျေးရွာအနီး၊ နန်ကျင်ချောင်းဘေးနေရာမှ တရားမဝင် ကညင်သစ် (၃၅)လုံး(၃၉.၅၄၂၀)တန်၊ ကြေးလံသစ် (၂၃)လုံး (၃၄.၂၈၆၀)တန်၊ သပြေသစ် (၂)လုံး (၁.၉၁၆၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ ခဲ့ပါသည်။

date: 
Monday, April 22, 2019 - 15:15