ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉.၄.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ကျောက်ကြီးအိုင်၊ ညောင်တံခါး၊ တင်ဆိပ်အနီးတို့မှ ယာဉ်အမှတ်မပါ (၆)ဘီး (ခေါင်းအပြာရောင်) ယာဉ်(၁)စီးနှင့် တရားမဝင် ကညင်/ဘောင်ဆန့် သစ်/ခွဲသား (၁၂၀)လုံးချောင်း (၂၃.၆၂၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, April 23, 2019 - 13:00