ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀.၄.၂၀၁၉ ရက်နေ့မှ ၂၁-၄-၂၀၁၉ ရက်နေ့ထိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် တရားမဝင်သစ်ဖော်ထုတ်ရှာဖွေဖမ်းဆီးရေးဆောင်ရွက်လျှက်ရှိရာ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ပိတောက်သစ်/ ခွဲသား(၉၇)လုံး/ချောင်း (၂၂.၈၄၇၈)တန် အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, April 23, 2019 - 13:00