ပုသိမ်မြို့နယ်၊ ချောင်းသာမြို့အတွင်း တရားမဝင်သစ်စက်များနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၄-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်၊ကညင်ကွင်းရွာ၊ ဥယျာဉ်ခြံ၊ အမှတ်(၆)ရပ်ကွက်တို့အတွင်းမှ တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်လင်းလွန်း/တောင်သရက်/မအူ/ဘောင်ဆန့်/ သစ်ပုတ်/သစ်/ခွဲသား (၂၈၀၈)လုံးချောင်း (၁၆၂.၇၄၃၆)တန်အား တရားခံ(၁၀)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 23, 2019 - 13:00