ပုလောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု တင်ပြခြင်း

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၁၉-၄-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်း တရားမဝင် ကတွဒ်/သင်္ကန်း/ လေသရက်/သရဖီခွဲသား (၅၈)ချောင်း (၁၈.၈၂၉၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ် တရားခံအားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, April 23, 2019 - 13:45