ကလေးဝမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်နှင့် နန်းမော်ကယ်ရွာတောင်ဘက်နေရာတို့မှ တရားမဝင်သစ် ဖမ်းဆီးရမိ

၂၀.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်နှင့် နန်းမော်ကယ်ရွာတောင်ဘက်နေရာတို့မှ တရားမဝင် ကျွန်းခွဲသား(၅၆၅)ချောင်း (၂၅.၁၆၀၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, April 23, 2019 - 13:45