မိုးမိတ်မြို့နယ်၊ ဖောင်းကတောကြိုးဝိုင်းနှင့် မိုင်းသာကြိုးဝိုင်းတို့အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု

၂၁-၄-၂၀၁၉ ရက်နေ့မှ ၂၂-၄-၂၀၁၉ ရက်နေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ အဖွဲ့သည် မိုးမိတ်မြို့နယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ ဖောင်းကတောကြိုးဝိုင်းနှင့် မိုင်းသာကြိုးဝိုင်းတို့အတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား(၁၂၃၂)ချောင်း (၃၀.၁၄၃၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ် တရားခံအားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, April 23, 2019 - 13:45