ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ပုလဲကားလမ်းတွင် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂.၄.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ရေမျက်နီပုလဲလမ်း၊ မိုင်တိုင်အမှတ်-၈၉/၂မိုင်နှင့်၈၉/၃မိုင်ကြား၊ ဖန်ခါးတံတားအနီးတို့မှ မော်တော်ယာဉ် (၂)စီး ပေါ်မှ တရားမဝင် ပိတောက်/အင်ကြင်ခွဲသား (၂၀၇)ချောင်း (၁၁.၃၈၀၂)တန်အား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 24, 2019 - 13:00