ပဲခူးမြို့နယ်၊ ဘုရားကြီး-ဇောင်းတူကားလမ်းအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီး-ဇောင်းတူကားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၃)ဘယ်ဘက်(၁)မိုင်ခန့်အကွာ တောစပ်အတွင်း တရားမဝင်ပျဉ်းကတိုး/တောင်သရက်/တောင်ပိန်းခွဲသား(၅၅)ချောင်း (၈.၅၉၇၄)တန်နှင့် တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, April 26, 2019 - 12:00