ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးနယ်စပ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၃.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်ပြင်မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးသွားကားလမ်းဘေး၊ ဖောင်းပြင်-ပင်လည်ဘူးနယ်စပ်နေရာမှ တရားမဝင်သစ် တမလန်းဓါးရွေ (၃၆)ချောင်း (၇.၄၄၃၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 26, 2019 - 12:00