တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ် ဖမ်းဆီးရမိ

၂၄.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (ကပစ-၁၉)မှ ဗိုလ်ကြီးတင်ဇော်လတ်ပါတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၂) အတွင်းမှ တရားမဝင်သစ် ကျွန်း /ဖရုံစိပ် (၁၅၃) လုံး/ခြမ်း/စိပ် (၂၆.၃၀၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 29, 2019 - 10:45