ကြံခင်းမြို့နယ်၊ ဖိုးခေါင်ကွင်းကျေးရွာအနီး တရားမဝင်သစ် ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၄-၄-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့နယ်၊ ဖိုးခေါင်ကွင်းကျေးရွာအနောက်မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ အင်တိုင်းကုန်းနေရာ၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၃၆)ချောင်း (၃.၇၇၉၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ် တရားခံအားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, April 29, 2019 - 10:45