သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား PEFC International မှ Mr. Ben Gunneberg (CEO and Secretary General) နှင့်ကိုယ်စားလှယ်အဖွဲ့များမှ လာရောက်တွေ့ဆ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂၉-၄-၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား PEFC International မှ Mr. Ben Gunneberg (CEO and Secretary General) နှင့်ကိုယ်စားလှယ်အဖွဲ့များမှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် PEFC အဖွဲ့ဝင်ဖြစ်ရေး၊ PEFC နှင့် MFCC တို့ပူးပါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်း၏ လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအားရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

date: 
Monday, April 29, 2019 - 14:45