ဆွေးနွေးပွဲများဖိတ်ကြားခြင်း

သစ်တောဦးစီးဌာနမှ သစ်တောနည်းဥပဒေ ပြင်ဆင်ပြုစုရေးအတွက် အကျိုးသက်ဆိုင်သူများ နှင့် ဆွေးနွေးအကြံပြုချက်ရယူခြင်းများကို အောက်ပါအစီအစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါ၍ အကျိုးသက်ဆိုင်သူများဖြစ်ကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်ရေးရာကော်မတီဝင်များ၊ ဆက်စပ်ဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် ဌာနေ တိုင်းရင်းသားများနှင့် သက်ဆိုင်ရာဒေသခံအစုအဖွဲ့ကိုယ်စားလှယ်များအား တက်ရောက်ဆွေးနွေး အကြံပြု ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်အချိန် ၀၈း၃၀ နာရီ မှ ၁၈း၀၀ နာရီအထိ

စဉ်

တိုင်းဒေသကြီး/ပြည်နယ်

ကျင်းပမည့်နေ့ရက်

ကျင်းပမည့်နေရာ

နေပြည်တော်

၆-၅-၂၀၁၉

Grand Amara Hotel ၊ နေပြည်တော်

စစ်ကိုင်း

၉-၅-၂၀၁၉

Glorious Monywa Hotel မုံရွာ မြို့

ကချင်

၁၄-၅-၂၀၁၉

မြို့တော်ခန်းမ၊ မြစ်ကြီးနားမြို့

ချင်း

၁၅-၅-၂၀၁၉

ကာဆင်ခန်းမ (သို့မဟုတ်) CACC ခန်းမ ၊ ဟားခါးမြို့

ပဲခူး

၁၅-၅-၂၀၁၉

ဥဿာကျော်ဟိုတယ်၊ ပဲခူးမြို့

ရှမ်း

၁၄-၅-၂၀၁၉

Royal Taungyi Hotel ၊ တောင်ကြီးမြို့

ရခိုင်

၂၀-၅-၂၀၁၉

ဗာရာဏသီဟိုတယ်၊ ကျောက်ဖြူမြို့

မွန်

၂၃-၅-၂၀၁၉

ရာမညဟိုတယ်၊ မော်လမြိုင်မြို့

ကယား

၂၅-၅-၂၀၁၉

ပြည်နယ်ခန်းမ၊ လွိုင်ကော်မြို့

၁၀

ကရင်

၂၅-၅-၂၀၁၉

Hotel Thanlwin Paradise ၊ ဘားအံမြို့

၁၁

ဧရာဝတီ

၂၇-၅-၂၀၁၉

ပုသိမ်ဟိုတယ် ၊ ပုသိမ်မြို့

၁၂

မန္တလေး

၄-၆-၂၀၁၉

Hotel Mandalay ၊ မန္တလေးမြို့

၁၃

ရန်ကုန်

၁၁-၆-၂၀၁၉

တော်ဝင်ခန်းမ၊ ကြို့ကုန်းသစ်တောဝင်း၊ အင်းစိန်မြို့

၁၄

မကွေး

၁၁-၆-၂၀၁၉

မြို့တော်ခန်းမ ၊ မကွေးမြို့

၁၅

တနင်္သာရီ

၁၄-၆-၂၀၁၉

ထားဝယ်မြို့တော်ခန်းမ၊ ထားဝယ်မြို့

 

အကြံပြုချက်များကို စာ ဖြင့်လည်းကောင်း၊ အီးမေးလ်ဖြင့်လည်းကောင်း ပေးပို့ပါကလည်း လက်ခံရယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

နည်းဥပဒေ(မူကြမ်း)ပြုစုရေးကော်မတီ

သစ်တောဦးစီးဌာန

ဆက်သွယ်ရန်- သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန

ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ နေပြည်တော်

ဖုန်း/ဖက်စ် ၀၆၇ ၃၄၀၅၀၈၂ ၊ ဖုန်း ၀၆၇ ၃၄၀၅၁၀၇

အီးမေးလ်  [email protected] 

 

date: 
Monday, April 29, 2019 - 22:45