ကလေးဝမြို့နယ်၊ ကလေးဝ-ယာကြီးကားလမ်း(၁၁၄/၄)တွင် မော်တော်ယာဉ်(၁)စီး နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၂၆.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစတောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ယာကြီးကားလမ်း (၁၁၄/၄)မိုင်အနီး ယာဉ်(MDY/9B-6589)ပေါ်မှ တရားမဝင်သစ် ပိတောက်ခွဲသား (၅၈) ချောင်း (၉.၂၃၃၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်/

date: 
Tuesday, April 30, 2019 - 10:30