ပေါက်မြို့နယ်၊ ကျောက်ထု-ပေါက်-ပခုက္ကူကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ် ဖမ်းဆီးရမိ

၂၆.၄.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ပေါက်မြို့ရှောင်လမ်း၊ ကျောက်ထု-ပေါက်-ပခုက္ကူကားလမ်း ပေါက်ချောင်းဘေး ယာဉ်(MDY/RLGO-1317)ပေါ်မှ တရားမဝင်သစ် ပိတောက် ခွဲသား (၁၆) ချောင်း (၁.၃၇၂၄)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၃)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 30, 2019 - 10:30