ကြီးအုံကြီးဝဆည်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRSဖြင့် သတင်း ပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၂၆-၄-၂၀၁၉) ရက်နေ့မှ (၂၇-၄-၂၀၁၉)ရက်နေ့ထိ ကြီးအုံကြီးဝဆည်အတွင်း တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီး ခြင်းဆောင်ရွက်ရာ တရားမဝင် ပိတောက်ခွဲသား (၁၉၀)ချောင်း (၁၃.၅၀၈၂) တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ် သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 30, 2019 - 10:30