စေတုတ္တရာမြို့နယ်၊ မုန်းချောင်းတံတားတွင်မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၃၀-၄-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မျာပါဝင်သောပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့နယ်၊ မုန်းချောင်းတံတားနေရာ၌ မော်တော်ယာဉ်အမှတ်(7I/6525) A6(FAW) (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၉) ချောင်း (၂.၁၇၆၈)တန် နှင့်တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 30, 2019 - 14:30