နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၀၄.၅၂၂၈)တန်၊ သစ်မာ(၁၅၆.၂၉၉၆)တန်၊ အခြား (၃၇၀.၁၉၃၄)တန်၊ စုစုပေါင်း(၇၃၁.၀၂၆၈) တန်၊ တရားခံ(၇၇)ဦး၊ ယာဉ်/ယန္တရား(၃၀)စီး ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တော(၁)ဘိနယ်၊ ကျိုင်းခမ်းကျေးရွာ မြောက်ဘက်(၇)မိုင်ခန့်အကွာနေရာမှ တရားမဝင်အင်ကြင်/အင် သစ်လုံး/ခွဲသား/ လုံးပတ်၃ပေအောက်သစ် စုစုပေါင်း(၈၀.၃၃၆၈)တန်၊ အင်ဂျင်(၃)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, May 2, 2019 - 10:30