ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက် ခွဲသားများ ဖမ်းဆီးရမိ

၂၉-၄-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ခရိုင်စစ်ကြောင်းအဖွဲ့သည် ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း(၃၅/၅)မိုင်အနီးနေရာ၌ ယာဉ်အမှတ်(၉ဌ/၅၁၉၅၇) (လေးလုံးထိုးထော်လာဂျီ)(အနီရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၀) ချောင်း (၃.၁၄၆၆)တန်နှင့်တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 2, 2019 - 12:30