မုံရွာမြို့နယ်၊ အလုံ-ထန်းတောရပ်တွင် မော်တော်ယာဉ်(၃)စီနှင့် တရားမဝင် သစ် ဖမ်းဆီးရမိ

၂၉-၄-၂၀၁၉ ရက်နေ့တွင် မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ အလုံ-ထန်းတောရပ်တွင် မော်တော်ယာဉ် (၃)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၄၁)ချောင်း စုစုပေါင်း (၄.၁၅၀၀) တန်တို့အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား ရှာဖွေစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 2, 2019 - 17:15