တောင်ကုတ်မြို့နယ်၊ ညောင်ဖောက်ကျေးရွာအနီးတွင်တရားမဝင် သစ်များဖမ်းဆီးရမိ

၃၀.၄.၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ညောင်ဖောက်ကျေးရွာ အနောက်ဘက်(၂)ဖာလုံခန့်အကွာနေရာမှ တရားမဝင်တောင်စကိုင်းခွဲသား (၁၈)ချောင်း (၅.၇၄၂၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 2, 2019 - 17:30