လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ စံပြကျေးရွာ(က)လမ်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၄-၂၀၁၉ ရက်နေ့တွင် မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ စံပြကျေးရွာ(က)လမ်း အမှတ်(၂/၃၄) ဦးလှဦး၏ နေအိမ်ခြံဝင်း မှ တရားမဝင် ကျွန်းခွဲသား (၇၀၇)ချောင်း စုစုပေါင်း (၁.၅၃၅၄) တန်တို့အား ဖမ်းဆီးရမိပြီး၊ တရားခံများအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 2, 2019 - 17:30